(နိုင်ငံတကာ) ဇွန်လ ၂၂

ယူကရိန်းနိုင်ငံ၌ ကြားခံဇုန်ထားရှိရေးအစီအစဉ်အရ ဆူမီမြို့ကို ရုရှားတပ်များက အလွယ်တကူ သိမ်းပိုက် နိုင်ကြောင်း ရုရှားသမ္မတ ပူတင် က ဇွန်လ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။
စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၌ ရုရှားသမ္မတ ပူတင် က အဆိုပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံ၌ ကြားခံဇုန်ထားရှိရေးအတွက် နယ်မြေသစ်များ ထပ်မံရယူသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် က ပြောကြားထားပြီးဖြစ်သည်။
ယူကရိန်း၌ ကြားခံဇုန်ထားရှိရေးအတွက် ယူကရိန်းအရှေ့မြောက်ပိုင်း ဆူမီမြို့ကို သိမ်းပိုက်ရေး အတွက်လည်း မိမိထည့်သွင်းစဉ်းစားထားကြောင်း ရုရှားသမ္မတ ပူတင် က စိန့်ပီတာစဘတ် စီးပွားရေးညီလာခံ၌ ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် ယူကရိန်းတစ်နိုင်ငံလုံး၏ ငါးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားကြောင်း သိရသည်။
ဆူမီဒေသသည် ရုရှားနိုင်ငံက ၎င်း၏အချုပ်အခြာအောက် ထည့်သွင်းထားသော နယ်မြေများထဲတွင် ပါဝင်ခြင်းမရှိသေးကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews