(မိုးဇလ) ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်လာတာကြောင့် ခပေါင်းချောင်းရေမြင့်တက်လာပြီး ကင်းဆိပ် ရေချမ်း ဆင်ဆိပ်စတဲ့ကျေးရွာတွေမှာ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
လူမှုကူညီရေးအဖွဲ့တွေကတော့ ရေဝင်နစ်မြုပ်တဲ့နေရာတွေမှာ ကူညီရေးကယ်ဆယ်ရေးတွေလုပ်ဆောင်နေတာတွေ့ရပါတယ်။
စစ်တောင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ (၆၁၁) စင်တီမီ တာသတ်မှတ်ထားပြီး လက်ရှိမှာ (၅၀၀) စင်တီမီတာကျော်ကိုရောက်ရှိနေတယ်လို့သိရပါတယ်။
ဒီနေ့ မနက်အစောပိုင်းကစပြီး ခပေါင်းချောင်းရေဟာ အနိမ့်ပိုင်းရပ်ကွက်အချို့ကိုဝင်ရောက်လာတာဖြစ်ပေမယ့် ပြောင်းရရွှေ့ရလောက်တဲ့အထိတော့ မဟုတ်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
မိုး/ဇလ ကတော့ အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်တာကြောင့် ယခုရက်ပိုင်း ဇွန်လ(၂၀) ရက်ကနေ (၂၅) ရက်အတွင်း တိုင်းနဲ့ ပြည်နယ်တွေအလိုက် မိုးကြီးခြင်းနဲ့ မိုးသက်လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Video -T.E.R.Tအသင်း