ညောင်ဦးမြို့နယ်တွင် ရာအိမ်မှုးတစ်ဦးအား အကြမ်းဖက် PDF များက သတ်ဖြတ်


(ပြည်တွင်း) ဇွန်လ ၂၀

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်​ကျေးရွာအုပ်စု၊ တောင်ဖက်တန်းကျေးရွာနေ အုပ်ချုပ်​ရေးရွာခွဲတာဝန်ခံ(ရာအိမ်မှုး)တစ်ဦးအား အကြမ်းဖက် PDFအဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။

ယမန်နေ့ည ၉ နာရီအချိန်ခန့်က တောင်ဖက်တန်းကျေးရွာနေ အုပ်ချုပ်​ရေး ရွာခွဲတာဝန်ခံ(ရာအိမ်မှုး) ဦးညွန့်လှိုင်၊ ၆၆ နှစ်၊ (ဘ)ဦးဖြူ(ပြည်ခိုင်ဖြိုးပါတီဝင်)သည် ၎င်း၏ နေအိမ်၌ရှိနေစဥ် ​​သေနတ်ကိုယ်စီကိုင်​ဆောင်ထားသည့် အကြမ်းဖက် PDF ၆ ဦးမှာ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ဦးညွန့်လှိုင်အား တောင်ဖက်တန်း​ကျေးရွာ၏ အနောက်တောင်ဘက် ငါ့သရောက် မြစ်ရေတင်ကန်အမှတ်(၆)အနီး လမ်း‌ပေါ်သို့ ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှု့ကြောင့် ဦးညွန့်လှိုင်တွင် ဦးခေါင်း ဖေါက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါး ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ယာဘက်လက်ဖျံဖေါက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN