TNLAက အဓမ္မထိန်းချုပ်ထားတဲ့ မိုးကုတ်မှာ ဦးလေးက တူမကို အဓမ္မပြုကျင့်မှုဖြစ်ပွား


(ပြည်တွင်း) မေလ ၂၉

တအာင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့ TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ ဦးလေးဖြစ်သူက တူမဖြစ်သူကို အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်းသတင်းတွေအရ ပြီးခဲ့တဲ့ မေလ ၂၆ ရက် ည ၁၀ နာရီ ဝန်းကျင်ကဖြစ်ပွားခဲ့တာဖြစ်ပြီး တူမဖြစ်သူဟာ နေအိမ်မှာအိပ်ခန်းထဲအိပ်နေချိန် ဦးလေးဖြစ်သူကဝင်လာပြီး ခေါင်းအုံးနဲ့ဖိကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တခြားသူကိုပြန်ပြောပြပါက သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးရဲ့နေအိမ်နဲ့ ဦးလေးဖြစ်သူရဲ့နေဟာကပ်လျက်ဖြစ်ပြီး အဓမ္မပြုကျင့်ခံရတဲ့နေ့က ၎င်းရဲ့ကလေးဖြစ်သူနေမကောင်းဘူးဟုဆိုကာ အမျိုးသမီးရဲ့အိပ်ခန်းဘေးကပ်လျက် အခန်းတွင်လာရောက်အိပ်ခဲ့တာဖြစ်ပြီး အမျိုးသမီးအိပ်ပျော်နေစဥ် အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဓမ္မကျူးလွန်သူအမျိုးသားဟာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးဟာ အသက် ၁၇ နှစ်အရွယ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်ဖို့ ကြံစည်တာကိုခံခဲ့ရပေမဲ့ အော်ဟစ်အကူအညီတောင်းခံခဲ့လို့ လွှတ်မြှောက်ခဲ့ဖူးတယ်လို့လည်း ကျူးလွန်ခံရသူ အမျိုးသမီးက ဆိုပါတယ်။

တအောင်းလက်နက်ကိုင်အဖွဲ့အဓမ္မထိန်းချုပ်ရာဒေသတွေမှာ လုယက်မှုတွေ ဓားပြတိုက်မှုတွေအပြင် အဓမ္မကျူးလွန်မှုတွေမကြာခဏဖြစ်ပွားနေသလို မူးယစ်ဆေးဝါးအလွန့်အကျွံသုံးစွဲမှု တွေလည်း ရှိနေတာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN