(နိုင်ငံတကာ) မေ ၂၉

အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား နျူကလီးယားဆိုင်ရာသဘောတူညီချက်အသစ်ကို အကောင်အထည်ဖော်ရန် နီးစပ်နေပြီဟု ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့တွင် သမ္မတထရမ့်ကပြောကြားလိုက်သည်။
ထရမ့်က စေ့စပ်ညှိနှိုင်းမှုများကို အဆုံးအဖြတ်ပေးမည့် မည်သည့်လှုပ်ရှားမှုမဆိုသင်လျော်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကိုလည်း ဆွေးနွေးပွဲများအားမနှောင့်ယှက်ရန် သတိပေးပြောဆိုခဲ့သည်။
အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် Steve Witkoff ဦးဆောင်ပြီး အလွန်ကောင်းမွန်သည့် ဆွေးနွေးမှုများ ရက်သတ္တပတ်ကြာပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
“အခုအချိန်မှာ သူတို့က သဘောတူညီချက်တစ်ခုရချင်တယ်လို့ထင်ပါတယ် ပြီးတော့ သဘောတူညီမှုရနိုင်ရင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာပါ”ဟု ထရမ့်က ထပ်လောင်းပြောဆိုခဲ့သည်။
အစ္စရေးစစ်တပ်က အမေရိကန်နှင့် အီရန်တို့အကြား မည်သည့်သဘောတူညီမှုကိုမှ လိုလားဟန်မပြပဲ အီရန်၏ နျူကလီးယားစက်ရုံများအား တိုက်ခိုက်ရန်အထိပြင်ဆင်နေကြောင်း အမေရိကန်ထောက်လှမ်းရေးသတင်းအရင်းအမြစ်များအား ကိုးကားပြီး အနောက်တိုင်းမီဒီယာများက ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews