(မှုခင်း) မေလ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း(အဝေယျာလမ်းနှင့် ခိုင်ရွှေဝါလမ်းသွယ်ကြား)ရှိ ဓါတ်တိုင်ပေါ်၌ Wifi Cabel လာရောက်တပ်ဆင်နေသည့် Mytel WiFi မှ အလုပ်သမား တစ်ဦးဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ယနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က Mytel WiFi မှ အလုပ်သမား ဖြစ်သူ ရဲမင်းကို၊ ၃၂ နှစ်၊ (ဘ)ဦးဖိုးတုတ်၊ အမှတ်(B 114)၊ သဇင်(၂)လမ်း FMI အိမ်ရာ၊ အမှတ်(၄)ရပ်ကွက်၊ လှိုင်သာယာ(အရပ)မြို့နယ် နေထိုင်သူသည် ဓါတ်တိုင်ပေါ်သို့ လုပ်ငန်းဆောင်ရွက်ရန်တက်ရောက်ပြီး ဓါတ်လိုက်သည်ဟုဆိုကာ ပြန်အဆင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ၏အလောင်းအား လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့နောက် သောင်ကြီးနယ်မြေရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်းဖွင့်လှစ်ပြီး စစ်ဆေးရန်ဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews