(မှုခင်း) မေလ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးခြံကျေးရွာနေသူ အမျိုးသား ၁ ဦးအား အမည်မသိအမျိုးသား ၅ ဦးမှ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေလ ၂၀ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မဇူးဇူးအောင်၊ ၂၃ နှစ်၊ (ဘ)ဦးဇော်သီဟ၏ ခင်ပွန်းဖြစ်သူ ကိုထက်ဝေယံသည် ဘီယာသောက်စားပြီး မူးယစ်လာကာ ရန်စကားပြောဆိုနေသဖြင့် နေအိမ်မှအပြင်သို့ သမီးဖြစ်သူ မဇူးချယ်ရီထက်၊ ၂ နှစ်အားပွေ့ချီ၍ ယောက္ခမဖြစ်သူ ဒေါ်သန်းသန်းမြင့်၊ ၆၂ နှစ်၊ (ဘ)ဦးကျော်အေး၊ ကုလားကြီးခြံကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူနှင့်အတူ နေအိမ်မှထွက်လာခဲ့ရာ ခင်ပွန်းဖြစ်သူ ကိုထက်ဝေယံ နှင့် ယောင်းမတော်သူ မနှင်းနှင်း(ခ)မနှင်းနန္ဒာ၊ ၃၂ နှစ်၊(ဘ)ဦးအေးကို၊ ကုလားကြီးခြံကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်သူတို့ နောက်ကလိုက်လာခဲ့ကြကြောင်း သိရသည်။
ထို့နောက် ၎င်းတို့သည် “နန်းမြန်မာ”အထည်ချုပ်စက်ရုံအနီး၊ လမင်းဆေးခန်းရှေ့ အရောက် YGN စာတမ်းပါ၊ မတ်တူးအမျိုးအစား၊ အဖြူရောင် မော်တော်ယာဉ် တစ်စီးရောက်ရှိလာကာ ကားခေါင်းခန်းတွင် လူ ၂ ယောက်ထိုင်နေပြီး၊ ကားနောက်ခန်းထဲမှ အမည်မသိ လူ ၃ ဦးသည်၊ တုတ်၊ ဓါး၊ သေနတ်ကိုင်ဆောင်၍ ဆင်းလာပြီး ခင်ပွန်းဖြစ်သူ ကိုထက်ဝေယံအား တစ်ဦးက ပါးရိုက်၍ တစ်ဦးက တုတ်နှင့်ရိုက်ကာ ဆွဲခေါ်နေသဖြင့် မဇူးဇူးအောင်နှင့် ယောက္ခမ ဒေါ်သန်းသန်းမြင့်တို့မှ ခေါ်ဆောင်မသွား ရန် တောင်းပန်ခဲ့ရာ သေနတ် ကိုင်ဆောင်ထားသူ အရပ် ၅ ပေ ၆ လက်မခန့်ရှိ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ ဘောင်းဘီရှည်အစိမ်းရောင်၊ မြင်းခေါင်းတံဆိပ်စွပ်ကျယ် လက်တိုအဖြူရောင်၊ အသားလတ်၊ ယာဘက်မျက်ခုံး အထက်တွင် သေနတ်အရှည်ပုံ တက်တူးထိုးထားသူမှ မအော်နဲ့အော်ရင် သတ်ပစ်မှာ၊ ငါ့တို့မှာ သနားတတ်တဲ့ နှလုံးသားပါမလာဘူးဟု ပြောဆိုခဲ့ကြောင်း သိရသည်။
မဇူးဇူးအောင်မှ အကိုတို့ ဖမ်းဆီးခေါ် ဆောင်သွားမယ်ဆိုရင် ဘယ်မှာလိုက်ပြီး စုံစမ်းရမလဲဟု မေးမြန်းရာသေနတ်ကိုင်ထားသူမှ ငါဖုန်း ဆက်လိုက်မယ်ဟု ပြောဆိုကာ ကိုထက်ဝေယံအား ကားပေါ်သို့ တက်ခိုင်း၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၂-၅-၂၀၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အမရပူရမြို့နယ်၊ တောတွင်ကျေးရွာအုပ်စု၊ စာကလေးအင်းကျေးရွာ၊ မြောင်းဘောင်အတွင်း အမည်မသိအမျိုးသား တစ်ဦး၏ အလောင်းတစ်လောင်းတွေ့၍ ဆေးရုံရောက်ရှိနေကြောင်း သတင်းကြားသဖြင့် မဇူးဇူးအောင်မှ ဆေးရုံသို့သွားရောက်၍ သေဆုံးသူ၏ အလောင်းအား ကြည့်ရှုရာ သေဆုံးသူမှာ ခင်ပွန်းဖြစ်သူ ကိုထက်ဝေယံဖြစ်နေကြောင်း သိရှိရပြီး သက်ဆိုင်ရာရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ တရားခံများဖမ်းဆီးရမိရေး စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews