(မှုခင်း) မေလ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာ၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့ဝင် ၈ ဦးခန့်မှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မြေနီကျေးရွာနေ ဦးပေါစံ၊ ၅၈ နှစ်၊ (ဘ)ဦးမောင်ဖြစ်ပြီး ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၈ ဦးခန့်မှာ ဆိုင်ကယ် ၄ စီးဖြင့် ရွာ၏ အနောက်မြောက်ဘက်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာဘက်မှ သေနတ်များ ကိုင်ဆောင်လျက်ရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးပေါစံတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews