(နိုင်ငံတကာ) ဧပြီ ၃၀

အိန္ဒိယက ပါကစ္စတန်နှင့်နယ်စပ်တစ်လျှောက်ရှိ ပြည်ထောင်စုနယ်မြေ ဂျမူးနှင့်ကက်ရှမီးယား၌ အကြမ်းဖက် မှု ချေမှုန်းရေးကို တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။
လက်ရှိတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးလေးခုကို ဒေသတွင်း၌လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများ၏ပြောဆိုချက်ကို ကိုးကား၍ ANI သတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံကထိန်းချုပ်ထားသော ကက်ရှမီးယားဒေသရှိ ပါဟယ်ဂမ်မြို့၌ ဧပြီ လ ၂၂ ရက်တွင်ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦးသေဆုံးပြီးနောက် ယခုကဲ့သို့ အကြမ်းဖက် မှုတိုက်ဖျက်ရေးစစ်ဆင်ရေးများကို ရေးစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့ကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားလာပြီး ပါကစ္စတန်အစိုးရအနေဖြင့် အိန္ဒိယအစိုးရကိုဆန့်ကျင်မည့် အကြမ်းဖက်သမားများကို လက်သပ်မွေးထားသည်ဟု အိန္ဒိယဘက်က ပြောထားကြောင်း Sputnik သတင်းဌာနက သိရသည်။
Telegram»…
https://t.me/positiveanglenews