(နိုင်ငံတကာ) ဧပြီ ၂၈

ယီမင်နိုင်ငံမြောက်ပိုင်းရှိ ရွှေ့ပြောင်းနေထိုင်သူများရှိရာ ဒုက္ခသည်စခန်းတစ်ခုအား အမေရိကန်က လေတပ်မှ ဗုံးကြဲခဲ့ပြီး ၆၈ ဦးထပ်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။
တိုက်ခိုက်ခံရသည့် ရုပ်သံတစ်ခုတွင် ဆဒ်ဒါပြည်နယ်ရှိ ရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံသည့် စင်တာတစ်ခုမှာ ပျက်စီးပြိုကျခဲ့ပြီး ရုပ်အလောင်းများစွာ ပြန့်ကျဲနေကြောင်း ဒေသတွင်းသတင်းများက ဖော်ပြခဲ့သည်။
အမေရိကန်စစ်တပ်က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ဟူသီသူပုန်များအား လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့သည်။
ထို့နောက် အမေရိကန် စစ်တပ်မှ ယီမင်နိုင်ငံအတွင်းရှိ ပစ်မှတ်ပေါင်း ၈၀၀ ကျော်အား တိုက်ခိုက်နိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ကြေညာခဲ့သည်။
Telegram»…
https://t.me/positiveanglenews