ချမ်းမြသာစည်မြို့နယ်ရှိ “ရွှေဇာမဏီ”ရွှေဆိုင်ဓမြတိုက်ခံရ


(မှုခင်း) ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃×၁၀၄ လမ်းကြား၊ ၅၅ လမ်းပေါ်ရှိ “ရွှေဇာမဏီ”ရွှေဆိုင်အား ယနေ့မွန်းလွဲ ၂ နာရီ ၅၇ မိနစ်အချိန်ခန့်က ဓားမြတိုက်ခံရမှုဖြစ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် “ရွှေဇာမဏီ”ရွှေဆိုင်သို့ အမည်မသိ အမျိုးသား ၅ ဦး(ပျောက်ကြားဝတ် ၂ ဦး၊ အရပ်ဝတ် ၃ ဦး)မှ Honda Inside (အမဲရောင်)၊ယာဥ်အမှတ် 9I/4799 ဖြင့်ရောက်ရှိလာပြီး သေနတ်အတို ၂ လက်ပြကာ ခြိမ်းခြောက်၍ ဓမြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓမြတိုက်လုယက်ခံရမှုကြောင့် ရွှေ ၂၃ ကျပ်သားခန့်နှင့် I phone 11 (အစိမ်းရောင်)၊ ၀၉-၂၅၉၁၉၇၈၈၁ တို့အား ယူဆောင်သွားကြာင်းသိရပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားခံများဖမ်းဆီးရမိနိူင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN