ရုရှားနိုင်ငံရှေ့နေချုပ်က မန္တလေးငလျင်နှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့”

(ပြည်တွင်း) ဧပြီ ၂၅

အလွန်အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ ရခြင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဧပြီလ ၂၄ ရက်ကဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။

သဝဏ်လွှာမှာ မိမိအနေနဲ့ အဆွေတော်၏ နိုင်ငံတွင်လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ဝမ်းနည်းဖွယ်ရာကိစ္စ များ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် များစွာဝမ်းနည်းရပါကြောင်း၊ မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှု များဖြင့် ဤတုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်ရပ်ကို ကျော်လွှားနိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း ရေးသားထား ပါတယ်။

မိမိအနေနဲ့ ထိခိုက်ခံစားရသူများ ဆွေမျိုးမိတ်ဆွေများ၏ ဝမ်းနည်းပူဆွေးမှုကို ထပ်တူနားလည်ခံစားရ ပါကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များအားစာနာအားပေးပါကြောင်းလည်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။