မြန်မာနိုင်ငံကူးလက်မှတ် (Passport) ရုံးတွေမှာ လက်တ လော QR Code တင်မရသေးပေမယ့် မကြာမီရက်ပိုင်းအတွင်း ပြန်လည်ရရှိမယ်လို့ဆို


(ပြည်တွင်း) ဧပြီ ၂၄

ငလျင်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံကူးလက်မှတ် (Passport) ရုံးတွေမှာ လက်တလော QR Code တင်လို့မရသေးပေမယ့် မကြာမီရက်ပိုင်းအတွင်း ပြန်လည်ရရှိမှာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

“ယခင် QR တင်ထားသူတွေ ၆ လပိုင်းထိရှိနေလို့ သူတို့ကို ပုံမှန်အတိုင်းထုတ်ပေးနေပါတယ်။ QR မကြာမီရက်ပိုင်းအတွင်း ပြန်ရပါမယ်” လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

QR Code ရရှိပြီးသူတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေသလို ကျန်းမာရေး/ပညာရေး စတဲ့ အရေးပေါ်ကိစ္စရပ်တွေအတွက် Green Channel နဲ့ ဆောင်ရွက်ပေးတယ်လို့လည်း သတင်းထုတ်ပြန်‌ရေးအဖွဲ့ကထံက သိရပါတယ်။

လက်ရှိမှာ ငလျင်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံကူးလက်မှတ် (Passport) ရုံးကို QR Code တင်လို့မရဖြစ်နေတာနဲ့ပတ်သက်ပြီး QR Code တင်မရတာကို ဘယ်လိုနည်းလမ်းနဲ့ မြန်မာနိုင်ငံ ကူးလက်မှတ် (Passport) ပြုလုပ်ခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ မီဒီယာတစ်ခုရဲ့ မေးမြန်းမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN