
(အားကစား) ဧပြီ ၂၃
၂၀၂၅ အာဆီယံယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပြောင်းလဲကျင်းပမှာဖြစ်ပြီး အသင်း ၁၂ သင်း ပါဝင်နိုင်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က၂၀၂၅ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို မူလက ထိုင်းနိုင်ငံမှာ ကျင်းပမည်ဟု သတင်းများထွက်ပေါ်ခဲ့ပေမယ့် ယခုအခါ အင်ဒိုနီးရှားနိုင်ငံတွင် ပြောင်းလဲကျင်းပသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီဖြစ်ပါတယ်။
အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) ရဲ့ တရားဝင်ထုတ်ပြန်မှုအရ ၂၀၂၅ အာဆီယံယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ကို လာမယ့်ဇူလိုင်လ ၁၅ ရက် မှ ၃၁ ရက်အထိ ဂျာကာတာနှင့် ဘီကာဆီမြို့ နှစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) က ၂၀၂၅ အာဆီယံ ယူ -၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အာဆီယံ ဒေသတွင်းရှိ အသင်း ၁၂ သင်းစလုံး ပါဝင်နိုင်ရန် မျှော်လင့်ထားပြီး ဖိတ်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။