ဆိုလာစနစ် လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


(မှုခင်း) ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၈၉ လမ်း × ၂၃(B)လမ်းထောင့်ရှိ “ကောင်းပြည့်စုံ” ဖုန်းနှင့်ဖုန်းအပိုပစ္စည်း ရောင်း ဝယ်ရေးဆိုင်၊ ယမန်နေ့မွန်းလွဲ ၃ နာရီ ၂၈ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဦးဝေလင်း၊ ၆၈ နှစ်၊ (ဘ)ဦးကြင် ပိုင်ဆိုင်သည့် “ကောင်းပြည့်စုံ” ဖုန်းနှင့် ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်၊ RC-၂ ထပ်တိုက်၊ အောက်ဆုံးထပ် လှေကားအခန်းအတွင်းရှိ ဆိုလာစနစ်လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ မိန်းဘုတ်ခုံနှင့် ပန်ကာတို့ မှမီးလောင်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၃ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီးမွန်းလွဲ ၃ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲကြောင်း သိရပြီး၊ မီးပေါ့ဆစွာ အသုံးပြုခဲ့သူ ဦးဝေလင်း အား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN