(မှုခင်း) ဧပြီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးအုပ်စု၊ ငါးအိမ်စုကျေးရွာတွင် အကြမ်းဖက် PDF အဖွဲ့မှ ဓားမြတိုက်လူသတ်မှုကျူးလွန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဧပြီလ ၁၂ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ဦးမြင့်လွင်ဦး၊ ၅၈ နှစ်၊ (ဘ)ဦးထွန်းပေါ၊ အိမ်ခြံမြေရောင်းဝယ်လုပ်ကိုင်သူသည် ပါချန်မြစ်ကပ်လျှက်ရှိ ၎င်း၏နေ အိမ်တွင် မိသားစုနှင့် အတူရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ အင်အား ၁၀ ဦးခန့်သည် အနက်ရောင်မျက်နှာဖုန်းများတပ်၍ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ လှေငယ်(၁)စီးဖြင့် ပါချန်မြစ်ကြောင်းအတိုင်း ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်အဖွဲ့သည် အိမ်ရှင် ဦးမြင့်လွင်ဦး အား ဝမ်းလျားမှောက်ခိုင်းပြီး ကျန်မိသားစု ၃ ဦးအား ခေါင်းငုံ့ခိုင်းကာ ပိုက်ဆံဘယ်လောက်ရှိသလဲ၊ ရွှေဘယ်လောက်ရှိသလဲ၊ တပ်နဲ့အဆက်အသွယ်ရှိလားဟုမေးမြန်းကာ ဦးမြင့်လွင်ဦး၏ ကျောအားနင်း၍ အိမ်အတွင်းရှိ သေတ္တာအားဖွင့်ကြ ရွှေလက်စွပ် ၁ ကွင်း၊ မြန်မာကျပ်ငွေ သိန်း ၄၀ နှင့် ထိုင်းဘတ် ၂၅,၀၀၀ တို့အား ယူဆောင်ပြီး အိမ်အတွင်းမှထွက်ခွာစဉ် ဦးမြင့်လွင်ဦး ၏ နောက်ကျောအား အသင့်ပါလာသည့် သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် PDF အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးမြင့်လွင်ဦးသည် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး ၎င်းတို့အဖွဲ့မှာ ပါချန်မြစ်ကြောင်းအတိုင်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိသည်။
Telegram»…
https://t.me/positiveanglenews