အစ္စတန်ဘူလ်မြို့တော်ဝန်ကို တူရကီအာဏာပိုင်များဖမ်းဆီး


(နိုင်ငံတကာ) မတ်လ ၁၉

အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များဆိုင်ရာ စွပ်စွဲချက်များဖြင့် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်၏ မြို့တော်ဝန် Ekrem İmamoğlu ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်းသိရသည်။

မြို့တော်ဝန်အပါအဝင် ဆက်နွယ်သည့် လူပေါင်း ၁၀၀ ခန့်ကိုလည်း ဖမ်းဆီးရန် အမိန့်ထုတ်ထားကြောင်း နိုင်ငံပိုင်သတင်းဌာနမှဖော်ပြထားသည်။

မြို့တော်ဝန် Ekrem İmamoğlu သည် လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံ CHP ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရန် ရေပန်းသားနေသူလည်းဖြစ်သည်။

ကာလရှည်အာဏာရယူခဲ့သည့် သမ္မတအာဒိုဂန်သည် ယမန်နှစ်က ကျင်းပခဲ့သော မြို့တော်ဝန်ရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် ကြီးကြီးမားမားရှုူံးနိမ့်ခဲ့ပြီးနောက် အတိုက်အခံပါတီများအား ဆက်လက်ဖြိုခွင်းနေကြောင်း နိုင်ငံရေးဝေဖန်သူများက ရှုတ်ချလျက်ရှိသည်။

အတိုက်အခံအင်အားစုများက အာဒိုဂန်၏ ယခုလုပ်ရပ်သည် နောက်လာမည့် ၎င်းတို့သမ္မတအား ကြိုတင်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ကြောင်း ဝေဖန်နေကြောင်းသိရသည်။

မြို့တော်ဝန်ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး တိကျသည့် အကြောင်းအရာများအား ထုတ်ပြန်ခြင်းမရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN