(မှုခင်း) မတ် ၁၂
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် ယနေ့ မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲမှစတင်လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မုန်းဇလဲရွာလယ် နတ်စင်အနီးမှ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေပူရှိန်ပြင်းထန်နေတာရယ် လေတိုက်နှုန်းမြင့်နေတာကြောင့် မီးဟာ ထိန်းမရပဲဖြစ်နေရာက ဝိုင်းငြိမ်းသတ်တာကြောင့် ၅ နာရီခန့်မှာ မီးစွယ်ကျိုးသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အိမ်ခြေ ၅၅၀ ခန့်ရှိတဲ့ မုန်းဇလဲကျေးရွာ ရွာမနဲ့ ကွက်သစ်ဘက်တွေဘက်မှာ အလောင်များခဲ့ပြီး တောင်ပိုင်းဘက်မှာတော့ နေအိမ်တချို့ကျန်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ် ၄၀၀ ကျော်ရဲ့ ဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးသလို မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး သိရှိထားတာမရှိသေးပါဘူး။
#PAN #မကွေး #မုန်းဇလဲ #မီးလောင်မှု #PDF