(ပြည်တွင်း) ဖေဖော်ဝါရီ ၄
တရုတ်ရဲ့ ကြားဝင်စေ့စပ်ချက်နဲ့ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီးထွက်ပေါ်လာတဲ့ သတင်းတွေအရ လာရှို့အပါအဝင် ထိန်းချုပ်ထားတဲ့မြို့အချို့ကနေ ဆုတ်ခွာဖို့ကတိပြုထားတဲ့ ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူ MNDAA ဟာ လောင်းကစားဝိုင်းတွေပါဝင်တဲ့ တပေါင်းပွဲကို လာရှိုးမှာပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

တပ်မတော်နဲ့ MNDAA ရဲ့ညှိနှိုင်း သဘောတူချက်အရ လားရှိုးအပါအဝင် ထိန်းချုပ်မြို့အချို့ကနေ MNDAA ဆုတ်ခွာဖို့ အချိန် ၆ လ တောင်းဆိုထားတယ်လို့ အတည်ပြုလို့မရခဲ့တဲ့ သတင်းတွေထွက်ပေါ်လာသလို အဲ့ဒီ ၆လ တာကာလအတွင်း အပစ်အခတ်ရပ်စဲထားဖို့လည်း သဘောတူထားကြတယ်လို့ သိရပါတယ်။
MNDAA က ကျင်းပခွင့်ပြုထားတဲ့ လားရှိုးတပေါင်းပွဲကို လာမယ့် မတ်လ ၇ ရက်ကနေ ၁၃ ရက်အထိ ၇ ရက်ကြာ မန်ဆူဘုရားမှာ ကျင်းပသွားမှာဖြစ်ပြီး ဆိုင်ခန်းတွေကို ဒီနေ့ မတ်လ ၄ ရက်မှာ နေရာချပေးသွားမှာဖြစ်သလို လောင်းကစားဝိုင်းတွေကိုတော့ ၅ ရက်နေ့မှာ နေရာပေးသွားမယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လာရှိုးတပေါင်းပွဲမှာပါဝင်မယ့် လောင်းကစားဝိုင်းတွေဖြစ်တဲ့ ခြောက်ကောင်ဂျင်၊ ညိုညို၊ ရှမ်းကိုးမီး၊ ပေါက်စီ၊ ဖဲဝိုင်းစတာတွေကို အစုံအလင်ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပြီး လောင်းကစားဝိုင်းတစ်ဝိုင်းစာကို တစ်ရက် ငွေ ၁ သိန်းကျပ် ပေးဆောင်ဖို့ MNDAA ကပြောဆိုထားတယ်လို့လည်း သိရပါတယ်။