(နိုင်ငံတကာ) မတ် ၄

တရားမဝင်ဖြတ်ကျော်မှုများ တားဆီးနိုင်ရန် ကမ္ဘောဒီးယားနယ်စပ်ကို တံတိုင်းခတ်ရန် စဉ်းစားနေကြောင်း ထိုင်းအစိုးရကဆိုသည်။
မြန်မာ-ထိုင်းနယ်စပ်မှ ဖြိုခွင်းလိုက်သည့် ငွေလိမ်ဂိုဏ်းများသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ပြောင်းရွှေ့နေကြောင်း ထိုင်းတာဝန်ရှိသူများက ပြောသည်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Huangsab က ဝန်ကြီးချုပ် ပေထုန်တန်က “ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တံတိုင်းတစ်ခု ဆောက်ဖို့ အကြံဉာဏ်တွေ ထပ်မံလေ့လာဖို့ အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်” ဟု မီဒီယာများအား ဖြေကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်ခြားထိစပ်မှုသည် မိုင်ပေါင်း ၅၀၀ ကျော် ရှည်လျားသော်လည်း နယ်နိမိတ် ၆.၇ ရာခိုင်နှုန်းကို ကာကွယ်ပိတ်ဆို့နိုင်ပါက အထောက်အကူဖြစ်နိုင်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။
Telegram»…
https://t.me/positiveanglenews