(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၅

သမ္မတသက်တမ်းကုန်ဆုံးနေသည့် ယူကရိန်းသမ္မတ ဇယ်လမ်းစကီး သမ္မတအဖြစ်ဆက်ရှိရေးအဆို မဲခွဲခဲ့ပြီး လုံလောက်သည့်ထောက်ခံမှုမရသည့်အတွက် ယူကရိန်းလွှတ်တော်မှ ပယ်ချခဲ့သည်။
ဇယ်လန်းစကီးအနေဖြင့် ၎င်း၏တရားဝင်မှုအား ဆက်လက်ရှိနေစေရေး ပြန်လည်အတည်ပြုသည့် ဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြုလုပ်ခဲ့ပြီး အတည်ပြုရန်လိုအပ်သည့် မဲအရေအတွက် ပြည့်မီရန် ၈ မဲလိုအပ်ခဲ့ကြောင်းသိရသည်။
ဇယ်လန်းစကီးပါတီမှ လွှတ်တော်အမတ် ၃၈ ဦးအပါအဝင် ၅၄ ဦး မဲပေးရာတွင် မပါဝင်ခဲ့ကြောင်းသိရသည်။
ဇယ်လန်းစကီး၏ သမ္မတသက်တမ်းသည် ၂၀၂၄ ခုနှစ် မေလတွင် ကုန်ဆုံးခဲ့သော်လည်း စစ်အုပ်ချုပ်ရေူအမိန့်ဖြင့် ရွေးကောက်ပွဲမကျင်းပပဲ သမ္မတ အဖြစ်တာဝန်ယူထားဆဲဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲကျင်းပခြင်းမရှိသည့် ဇယ်လန်းစကီးအား အာဏာရှင်အဖြစ် ပြောဆိုရေးသားခဲ့သည်။
ယူကရိန်းလွှတ်တော်၏ ဆုံးဖြတ်ချက်ရ ဇယ်လန်းစကီးအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအပါအဝင် နိုင်ငံတကာနှင့် ချုပ်ဆိုမည့်စာချုပ်များ သဘောတူညီမှုများကို အတည်ပြုနိုင်ခြင်းမရှိတော့ပဲ လွှတ်တော်၏ ထောက်ခံမှုကို ရယူရမည်ဖြစ်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews