(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၅

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ကျန်းမာရေးအခြေအနေတိုးတက်လာသော်လည်း စိုးရိမ်ရသေးကြောင်း ဗာတီကန်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က အသက်ရှူလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ ဝေဒနာများကြောင့် စိုးရိမ်ရသည်အခြေအနေတွင်ရှိသည့် ပုပ်ရဟန်းမင်းကြီး၏ ကျောက်ကပ်အခြေအနေမှာလည်း စိုးရိမ်ရန်မလိုအပ်တော့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုထုတ်ပြန်ချက်သည် အသက် ၈၈ နှစ်အရွယ် ဘာသာရေးခေါင်းဆောင်၏ တစ်ပတ်ကြာဆေးကုသမှုခံယူနေသည့် အခြေအနေအား အပြုသဘောဆောင်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း အနောက်နိုင်ငံမီဒီယာများက ဖော်ပြသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အောက်စီဂျင်တပ်ဆင်ထားရသော်လည်း အိပ်ယာထဲလဲနေခြင်းမဟုတ်တော့ပဲ အစာစားခြင်း လှုပ်ရှားခြင်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews