လက်ရှိချန်ပီယံ ဒူဘွာ ကို အနိုင်ရယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ဂျိုးဆက်ပါကား


(အားကစား) ဖေဖော်ဝါရီ ၂၀

နယူးဇီလန်လက်ဝှေ့သမား ဂျိုးဆက်ပါကား က လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထိုးသတ်မယ့် IBF ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဒန်နီရယ်လ်ဒူဘွာ နှင့်ပွဲမှာ အနိုင်ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်ကို လာမယ့်စနေနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ Kingdom Arena မှာ ထိုးသတ်မှာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ပါကား အနေနဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က မက္ကဆီကို/အမေရိကန် လက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာကို အမှတ်ဖြင့် အနိုင်ယူပြီး လစ်လပ်လျက်ရှိတဲ့ WBO ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်မှာ အန်သိုနီ ဂျိုရှူအာ ကို အမှတ်နဲ့ အရေးနိမ့်ပြီး ချန်ပီယံခါးပတ် စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျိုးဆက်ပါကား ၏ ပြိုင်ဘက်ဖြစ်သူ ဒူဘွာ က ၂၇ နှစ်သာ ရှိသေးပြီး ပရိုလက်ဝှေ့ပွဲ ၂၄ ပွဲ ထိုးသတ်ရာတွင် ၂၂ ပွဲအနိုင်ရကာ အူဆိုက်နှင့် ဂျိုးဂျွိုက်စ်တို့ကိုသာ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN