(မှုခင်း) ဖေဖော်ဝါရီ ၁၉

ပြည်ခိုင်ဖြိုးပါတီဝင်တွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ အပြစ်မဲ့ပြည်သူတွေကို ဒလန်းလို့စွပ်စွဲသတ်ဖြတ်ခဲ့သူတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊အောင်သာယာရပ်ကွက်၊ အိမ်အမှတ်(၈၀) မှာနေထိုင်တဲ့ ရာအိမ်မှူး ဦးဝင်းဦးဟာ ဇန်နဝါရီလ ၂၆ ရက်နေ့က နေအိမ်အနီးမှာရှိတဲ့ “အောင်ကျော်စိုး”ကွမ်းယာဆိုင်ရှေ့မှာ ထိုင်နေချိန် (စိစစ်ဆဲ)ကျား ၂ ဦးက ဆိုင်ကယ် ၁ စီးနဲ့ ရောက်ရှိလာပြီး ပစ္စတိုနဲ့ ၂ ချက် ပစ်ခတ်ခဲ့တာကြောင့် ရာအိမ်မှူး ဦးဝင်းဦးဟာ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပစ်မှုကျူးလွန်သူတွေကိုဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၂ ရက်နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၈ x ၄၉ လမ်းကြားမှာ တရားခံတွေဖြစ်တဲ့ နန်းဝင်းစိုး(ခ)နိုင်ဝင်းစိုး(၃၈)နှစ်နဲ့ မင်းခန့်(ခ)ဂူးဂူး(၂၀)နှစ်တို့ ၂ ဦးကို နေအိမ်အတွင်းကနေ ၉ မမကျည် ၁ တောင့်နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတရားခံတွေရဲ့ ထွက်ဆိုချက်အရ အဲဒီနေ့နေ့ မနက်ပိုင်းမှာ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၇ × ၄၈ လမ်းကြားမှာနေ ထိုင်တဲ့ ဆက်စပ်တရားခံဖြစ်သူ အောင်အောင်(ခ)အောင်လေး(၃၆)နှစ်ကို လက်လုပ်ပစ္စတို ၄ လက်၊ ၉ မမကျည် ၁၇ တောင့်၊ MG1 ပလတ်စတစ်လက်ပစ်ဗုံး ၁၁ လုံး၊ 91 လက်ပစ်ဗုံး ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး တို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တရားခံ နန်းဝင်းစိုး(ခ)နိုင်ဝင်းစိုးရဲ့ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းမှာ စဉ့်ကိုင်မြို့နယ်၊ ဆယ့်နှစ်ကိုင်းကျေးရွာမှာရှိတဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဆက်စပ်တရားခံ ဇော်ဇော်ထွန်း(ခ)ဇော်သက်(ခ)ဖက်တီး(၂၈)နှစ်၊ မြနန္ဒာရပ်ကွက်၊ ပလိပ်မြို့ နေသူ၊ တရားခံ ဇော်ဇော်ထွန်း(ခ)ဇော်သက်(ခ)ဖက်တီးရဲ့ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းမှာ ထွန်းထွန်းမြင့် (၅၀)နှစ်၊ ကျွဲနဖားကျေးရွာ၊ စဉ့်ကိုင်မြို့နယ်နေသူ၊ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက တရားခံ သူရိန်ထွန်း(၂၆)နှစ်၊ အကွက်အမှတ်(၅၀၁)၊ကျွန်းလုံးဥသျှောင် ရပ်ကွက် ချမ်းမြသာစည်မြို့နယ်နေသူတွေကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းက အပြစ်မဲ့ပြည်သူတွေကိုအကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တရားခံ ကျား ၆ ဦးကို လက်လုပ်ပစ္စတို သေနတ် ၄ လက်၊ ၉ မမ ကျည်၁၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews