လမ်းဘေးတွင်ရပ်နေသည့် ကျောင်သူတစ်ဦးအား မော်တော်ယာဥ်တစ်စီး ဝင်တိုက်မှုဖြစ်ပွား


(မှုခင်း) ဖေဖော်ဝါရီ ၁၃

ရန်ကုတိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက် အောက်မင်္ဂလာဒုံလမ်း၊ “ကောင်း” ပုဂ္ဂလိကဆေးရုံအနီးတွင် မော်တော်ယာဥ်တစ်စီးမှ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးတွင်ရပ်နေသည့် ကျောင်သူတစ်ဦးအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က အောက်မင်္ဂလာဒုံလမ်းအတိုင်း မြောက် မှ တောင်သို့ (ဒညင်းကုန်းဘက်မှဖော့ကန်ဘက်သို့) ယာဉ်မောင်း အောင်သူဟိန်း မောင်းနှင်လာသော YGN-61D/7941 HONG YAN TRACTOR HEAD အဝါ/အစိမ်းရောင်(တွဲယာဉ်အမှတ် YGN TLR-2374)(ငှား)ယာဉ်သည် “ကောင်း” ပုဂ္ဂလိကဆေးရုံအနီးအရောက် အရှိန်မထိန်းနိုင်ဘဲ ယာဘက်လမ်းဘေးတွင် ရပ်နေသော မဇူးဇူးဇင် အား တိုက်မိကာ ယာဘက်လမ်းဘေးတွင် ရပ်တန့်ထားသော ယာဉ်မောင်း ကိုစည်သူအောင် မောင်းနှင်သည့် YGN-8 4G/8159 TOYOTA GRANVIA အဖြူရောင်(“ကောင်း” ပုဂ္ဂလိကဆေးရုံပိုင်လူနာတင်)ယာဉ်၊ ယာဉ်မောင်း ဦးခင်ဇော် မောင်းနှင်သည့် BGO-11 3R/7729 HYUNDAI အဖြူရောင်(ငှား)ယာဉ်တို့အား တိုက်မိပြီး BGO-11 3R/7729 ယာဉ်မှ အတိုက်ခံရသည့် အရှိန်ဖြင့် ၎င်းရှေ့တွင် ရပ်တန့်ထားသော ယာဉ်မောင်း ကိုရဲအောင် မောင်းနှင်သည့် YGN-8 DD-4877 TOYOTA CALDINA ခဲရောင်(ငှား)ယာဉ်အား ထပ်မံတိုက်မိခဲ့ရာ ယာဉ်(၄)စီးပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်ခံရသူ မဇူးဇူးဇင်၊ ၁၈ နှစ်၊ (ဘ)ဦးမင်းမင်းထွန်း၊ ကျောင်းသူ(G-12)ကျောင်းသူ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူတွင် ဦးခေါင်းခွံကြေပျက်စီး၊မျက်နှာပွန်း၊ ဝမ်းဗိုက်စုတ်ပြဲ၊ ဝဲ/ယာရင်ဘတ်ပွန်း၊ ယာလက်မောင်းလက်ဖျံစုတ်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ YGN-6-1D/7941 ယာဉ်မောင်း အောင်သူဟိန်း အား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN