(အားကစား) ဖေဖော်ဝါရီ ၁၁

စပါးအသင်းနည်းပြဖြစ်သူ ပိုစတီကိုဂလူးက လက်ရှိမှာ အသင်းရဲ့ရလဒ်ဆိုးများအတွက် မိမိကိုသာ ထောက်ပြ ဝေဖန်နိုင်သော်လည်း အသင်းကစားသမားများကို ဝေဖန်ခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရပါတယ်။
စပါးအသင်းအနေနဲ့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လီဗာပူးလ်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ကာ ပြိုင်ပွဲနှစ်ခုလုံးမှ ထွက်ခွာခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲများမှာလည်း ရလဒ်များ ဆိုးရွားလျက် ရှိနေတာဖြစ်ပါတယ်။
အသင်းရဲ့ရလဒ်တွေ ဆိုးဝါးနေတာနဲ့ပတ်သက်ပြီး မိမိအပေါ် ကြိုက်သလိုဝေဖန်ပြီး သုံးသပ်နိုင်ကြောင်းနဲ့ အလုပ်ကို ဆိုးရွားစွာလုပ်နေကြောင်း ပြောဆိုနိုင်ပေမယ့် အသင်းရဲ့ကစားသမားတွေအပေါ်ကို ဝေဖန်စရာမလိုကြောင်း နည်းပြ ပိုစတီကိုဂလူး က ပြောကြားခဲ့ပါတယ်။
အသင်းရလဒ်များ ဆိုးရွားနေခြင်းကြောင့် နည်းပြရာထူးမှ ထုတ်ပယ် ခံရနိုင်ကြောင်းကိုလည်း ထင်ကြေးပေးခံနေတာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews