ရန်ကုန်တိုင်းဒေသကြီးအတွင်း နာရီပိုင်းအတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွား


(မှုခင်း)ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ယနေ့ မွန်းတည့်ချိန်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းတွင် ယနေ့နံနက် ၁၁ နာရီ ၅၄ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်မှုကြောင့် မွန်းတည့် ၁၂ နာရီကျော်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည်း ၁၂ နာရီ ၁၁ မိနစ်အချိခန့်န်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အလားတူ ယနေ့မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်က ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်နှင့် ဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN