ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို Online စနစ်နဲ့ စတင်စမ်းသပ်


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၀

ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို အွန်လိုင်းစနစ်နဲ့ ယခုဖေဖော်ဝါရီလမှာ စတင်စမ်းသပ်ထုတ်ပေးမှာဖြစ်ပြီး ဧပြီလမှ စတင်ကာ အွန်လိုင်းစနစ်နဲ့ အပြည့်အဝအသုံးပြုထုတ်ပေးသွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ အသိပေးကြေညာ ထားပါတယ်။

အဆိုပါကြေညာချက်အရ လုပ်ငန်းဆောင်ရွက်သူများ အချိန်ကုန်သက်သာစွာနှင့် လုပ်ငန်းများလွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် online ကွန်ပြူတာစနစ်အသုံးပြု၍ လုပ်ငန်းလိုင်စင် ထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။

အဆိုပါဌာနရဲ့ ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် မန္တလေးတိုင်းဒေသကြီး ရုံးတို့တွင်ဆောင်ရွက်ပေးလျက်ရှိတဲ့ လုပ်ငန်းလိုင်စင်ဆိုင်ရာကိစ္စရပ်များအနက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း နှင့် ပြင်ဆင်ပြောင်းလဲခြင်းလုပ်ငန်း တို့ကို ယခုဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ကာ စမ်းသပ်ကာလအဖြစ် စတင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လာမယ့် ဧပြီလ ၁ ရက်မှစတင်၍ အွန်လိုင်းကွန်ပြူတာ စနစ်အသုံးပြုကာ အပြည့်အဝဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအမျိုးအစားတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စင်းလုံးငှား ခရီးသည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ပဋိညာဉ်အရ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကိုယ်ပိုင်စီးပွားရေးအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော် ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းအမျိုးအစားများ ပါဝင်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN