(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လာမည့် အင်္ဂါနေ့သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် ကုန်သွယ်ရေး စည်ကြပ်ခွန် အသစ်များ ထပ်မံကြေညာမည်ဟု ကြေညာခဲ့သည်။
ယခုလအစောပိုင်းတွင် ထရမ့်သည် ကနေဒါနှင့် မက္ကဆီကန်ထုတ်ကုန်များအပေါ် သွင်းကုန်ခွန် 25% စည်းကြပ်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း နှစ်နိုင်ငံခေါင်းဆောင်များနှင့် စကားပြောပြီးနောက် မတ်လအစောပိုင်းအထိ အဆိုပါအစီအစဉ်ကို ရက်ပေါင်း ၃၀ ရွှေ့ဆိုင်းခဲ့သည်။
ကနေဒါအား သက်ရောက်မှု ကြီးမားနိုင်သည့် သံမဏိနှင့် အလူမီနီယံအားလုံး အမေရိကန်နိုင်ငံသို့ တင်သွင်းလာမည်ဆိုပါက သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ထရမ့်ကဆိုသည်။
ကနေဒါနှင့် မက္ကဆီကိုတို့သည် အမေရိကန်၏ အကြီးဆုံးသံမဏိကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး ကနေဒါသည် အမေရိကန်သို့ အလူမီနီယံသတ္တုကို အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုကို ဝင်လာတဲ့ မည်သည့် သံမဏိသွင်းကုန်မဆို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
Telegram»…
https://t.me/positiveanglenews