(ပြည်တွင်း) ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့အမတ်လောင်းဖြစ်တဲ့ PDF အကြမ်းဖက်ခေါင်းဆောင် မျိုးဝင်းဦးဆောင်ပြီး ဒီနေ့မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သုံးပန်လှကျေးရွာသားဖြစ်တဲ့ NLD ၂၀၂၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အကြမ်းဖက် PDF မျိုးဝင်းဦးဆောင်တဲ့အဖွဲ့တွေဟာ ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်ကစပြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာကို ဒရုန်း ၃ စင်းနဲ့ ဒရော့ဗုံးတွေကို ပစ်ချတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနက် ၁၁ နာရီလောက်ကတည်းက ဒရုန်းတွေနဲ့လာပစ်နေတာ ၁၆ လုံးလောက်ရှိပြီး ရွာသားတွေတော့ ဘေးလွတ်ရာကိုရှောင်နေတယ် ထိခိုက်တာတော့ မရှိသေးဘူးလို့” အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက PAN ကိုပြောပါတယ်။
PDF အကြမ်းဖက်သမားတွေရဲ့ ရှော့တိုက်ဒုံးတွေဟာ နေ့လည် ၁ နာရီ အချိန်ထိပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိထားရပြီး ရွှေလှေ ၊ ဝယါ ၊ တောင်ဖီလာ၊ ကြွယ်တက်ကုန်း၊ စည်ပုဂံတောကျေးရွာတွေမှာ ဒေသခံတွေရဲ့နေအိမ်တစ်အိမ်ကို ငွေကျပ် ၅ သောင်းနှုန်းနဲ့ ဆပ်ကြေးကောက်ပြီး အင်အားစုဖွဲနေတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့အမတ်လောင်း မျိုးဝင်း ဦးဆောင်တဲ့ PDF အကြမ်းဖက်အဖွဲ့တွေဟာ ကံကြီးကုန်းကျေးရွာကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ဖို့ စုဖွဲ့နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။
#PAN #ချောင်ဦး #NLD #PDF