ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ခရီးသည် အမျိုးသမီး ၁ဦး ကားတိုက်သေဆုံး

(မှုခင်း)အောက်တိုဘာ ၂၂

ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၂၉၁/၀တွင်ခရီးသည် အမျိုးသမီး ၁ဦး ကားတိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၀ရက် ည၁၁နာရီ၄၀မိနစ်အချိန်ကရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်တွင် မန္တလေးဘက်မှ ရန်ကုန်ဘက်မောင်းနှင်လာသည့် ယာဉ်မောင်းပါ အမျိုးသား၁၀ဦး၊ အမျိုးသမီး ၁၃ဦး၊ ပေါင်း၂၃ဦး လိုက်ပါလာသည့် Scania TOURING အမျိုးအစား1N/5878၊ မန္တလာမင်း ခရီးသည်တင်(Express ) ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ခရီးသည်အမျိုးသမီး တစ်ဦးမှအ​ရေး​ပေါ် ကျန်းမာ​​ရေးကိစ္စ​ရှိ၍ ကားရပ်​ပေးရန် ​တောင်းဆိုခဲ့သဖြင့် လမ်း​ဘေး​မြေသားပေါ်တွင် ခေတ္တရပ်တန့်ပေးခဲ့သည်။

ထိုစဥ်ခရီးသည်အမျိုးသမီးမှာ ယာဥ်အနီး လမ်း၏လက်ယာ​မြေသားဘက်သို့ မသွားဘဲ ဆန့်ကျင်ဖက် လမ်းတစ်ဖက်ခြမ်းသို့ ရုတ်တရက် ဖြတ်ကူးရာ လားရာတူ အ​နောက်မှ​မောင်းနှင်လာ​သော 2G/5412 YUTONG အမျိုးအစား နယူးမန္တလာထွန်း ယာဉ်ဖြင့် တိုက်မိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။

အမြန်လမ်း​ပေါ်တွင်စည်းကမ်းမဲ့လမ်းဖြတ်ကူး​သော ​သေဆုံးသူအမျိုးသမီးအား အမြန်လမ်းမကြီးဥပ​ဒေအရ အမှုဖွင့် အ​ရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN