(နိုင်ငံတကာ) ဖေဖော်ဝါရီ ၇
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က USAID မှ မီဒီယာများအား ငွေကြေးထောက်ပံ့မှုသည် သမိုင်းတွင် အကြီးမားဆုံးအရှုပ်တော်ပုံဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။
ထရမ့်က “ဒါဟာ သူတို့အားလုံးရဲ့ သမိုင်းမှာ အကြီးမားဆုံး အရှုပ်တော်ပုံ ဒီမိုကရက်တစ်တွေက ဒီတစ်ခုကတော့ ဖုံးကွယ်လို့မရပါဘူး။ အရမ်းကြီး၊ ညစ်ပတ်လွန်းတယ်!”ဟု ၎င်း၏ လူမှုကွန်ယက်တွင်ရေးသားခဲ့သည်။
ဒီမိုကရက်တစ်ပါတီ ပုံရိပ်များအား ဖော်ပြရန် USAID မှ မီဒီယာများအား ငွေပေးချေမှုများ ပြုလုပ်ခဲ့ကြောင်း ထရမ့်က အခိုင်အမာ ပြောဆိုခဲ့သည်။
စစ်တမ်တစ်ခုတွင် USAID သည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံပေါင်း ၃၀ ကျော်မှ သတင်းထောက် ၆၂၀၀ နှင့် ပုဂ္ဂလိကမီဒီယာ ၇၀၇ ခုကို ငွေကြေးထောက်ပံ့ခဲ့ကြောင်းသိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်တွင် မီဒီယာများအား ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၂၆၈.၄ သန်း ခွဲဝေပေးထားခဲ့ပြီး သမ္မတထရမ့်လက်ထပ်တွင် အဆိုပါ ဘတ်ဂျက်အားပယ်ဖျက်ခဲ့သည်။
Webpage >>…
https://positiveanglenews.com/2025/02/07/အမေရိကန်က-usaid-အဖွဲ့အတွက်-၉-န/
VK Link>>…
https://vk.com/wall-220066330_10674
Telegram»…
https://t.me/positiveanglenews