(ပြည်တွင်း) ဖေဖော်ဝါရီ ၆

မကြာခင်ရက်ပိုင်းအတွင်း နေပြည်တော်မှာကျင်းပဖို့ရှိတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ခွင့်ဖိတ်စာရရှိထားပြီး သူ့ရဲ့ကိုယ်စား အမေဖြစ်သူက LGBT ကိုယ်စားပြု မြန်မာ ဝတ်စုံကို ဝတ်ဆင်ပြီး ပွဲတက်မယ်လို့ သရုပ်ဆောင် ဥက္ကာမင်းမောင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာက ပြောဆိုလိုက်ပါတယ်။

“အကယ်ဒမီဖိတ်စာရပါပြီခင်ဗျာ မေကြီးက ကျွန်တော့်ကိုယ်စားပွဲတက်ပါလိမ့်မယ် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကိုလဲ ဖိတ်စာစီစဥ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ မေကြီးက Gay တစ်ယောက်ရဲ့ မိခင်အနေနဲ့ LGBT ကိုယ်စားပြု မြန်မာ ဝတ်စုံကို ဝတ်ဆင်ပြီး ပွဲတက်မှာပါ” လို့ သရုပ်ဆောင် ဥက္ကာမင်းမောင်က ပြောဆိုထားပါတယ်။
သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ မိခင်ဝတ်ဆင်မယ့် LGBT ကိုယ်စားပြု မြန်မာဝတ်စုံရဲ့ ဒီဇိုင်းကို အိုင်ဒီယာနဲ့ ကိုယ်တိုင်ရေးဆြွခဲ့တာဖြစ်ပြီး ဒီဇိုင်နာရဲ့ ကိုယ်ပိုင် အိုင်ဒီယာတွေနဲ့ပါ ပေါင်းစပ်ပြီး ဖန်တီးထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဝတ်စုံရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “တစ်နိုင်ငံလုံးက LGBT မိဘတွေအတွက်လဲ ကိုယ့်သားသမီးက LGBT ဖြစ်လာရင် အောင်မြင်ရေး လမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ပေးဖို့နဲ့ ကိုယ့်သားသမီးက Gay ဖြစ်နေပေမယ့် ကိုယ့်သားရဲ့ဖြစ်တည်မှုကို အပြည့်အဝ ထောက်ပံ့ပေးတဲ့ အနေနဲ့ တနိုင်ငံလုံးက မိဘတွေကိုလဲ ကိုယ့်သားသမီး LGBT ဖြစ်နေခြင်းကို လက်ခံပေးဖို့ ရည်ရွယ်ပြီး အဓိပ္ပါယ်တွေအပြည့်နဲ့ ဒီအိုင်ဒီယာလေး လုပ်ဖြစ်သွားတာပါ” ပြောထားပါတယ်။
မြန်မာနိုင်ငံကနေ အမေရိကန်ကို ထွက်ပြေးခိုလုံသွားတဲ့ အကြမ်းဖက်အုပ်စုဖြစ်တဲ့ NUG ရဲ့ ထောက်ပို့တစ်ဦးဖြစ်သူ ပန်ဆယ်လိုနဲ့ပတ်သက်ပြီး အမှန်တရားကို ထောက်ပြပြောဆိုရေးသားခဲ့လို့ သူနဲ့သူ့မိသားစုရဲ့ အသက်အန္တရာယ်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခံနေတာဖြစ်လို့ မြန်မာပြည်မှာ ပွဲတက်ဖို့ အမေရိကကနေ သူမပြန်လာတာဖြစ်တယ်လို့လည်း သရုပ်ဆောင် ဥက္ကာမင်းမောင်က ပြောဆိုထားပါတယ်။
Telegram»…
https://t.me/positiveanglenews