(နိုင်ငံတကာ) ဖေဖော်ဝါရီ ၆

ရန်ပုံငွေ ၁ ထရီလီယံကျော် ကိုင်တွယ်ခွင့်ရသည် အမေရိကန်ဝန်ထမ်းရေးရာ ဘဏ္ဍာရေးအရာရှိချုပ် erica roach ထုတ်ပယ်ခံရကြောင်းသိရသည်။
အစိုးရအနေဖြင့် erica roach ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်ပြီး အကြောင်းအရင်းအား ဖော်ပြခြင်းမရှိသော်လည်း အခြားရာထူးတစ်ခုသို့ ရွှေ့ပြောင်းရန် ဆွေးနွေးမှုအပြီး erica roach အနေဖြင့် နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်အား အမေရိကန်ဝန်ထမ်းရေးရာဌာနရုံးသို့ မီဒီယာများက မေးမြန်းခဲ့သော်လည်း တုန့်ပြန် ဖြေကြားခြင်းမရှိခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews