(ပြည်တွင်း) ဖေဖော်ဝါရီ ၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်မည့် VIETSTOCK EXPO & FORUM 2025 ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် သက်ဆိုင်ရာပြပွဲကျင်းပရေးကော်မတီမှ ဖိတ်ခေါ် ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
အဆိုပါပြပွဲကို ဗီယက်နမ်နိုင်ငံရှိ Informa Markets ကုမ္ပဏီမှ ကြီးမှူးဆောင်ရွက်ပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ Saigon Exhibition & Convention Center (SECC)၌ အောက်တိုဘာလ ၈ ရက်မှ ၁ဝ ရက်အထိ သုံးရက် ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
VIETSTOCK EXPO & FORUM 2025 ပြပွဲတွင် နိုင်ငံတကာမှ စားသောက်ကုန်များနှင့် မွေးမြူရေး ထုတ်ကုန်များကို နိုင်ငံပေါင်း ၄၀ ကျော်မှ ပြခန်းပေါင်း ၃၀၀ ကျော်ဖြင့် ပါဝင်ပြသသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့၏ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပါဝင်ပြသလိုပါက သက်ဆိုင်ရာမြန်မာနိုင်ငံသံရုံးမှ တစ်ဆင့် ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများအနေနဲ့ VIETSTOCK EXPO & FORUM 2025 ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် ဗီယက်နမ်နိုင်ငံအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများသာမက နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ချိတ်ဆက်မိကာ မိတ်ဖက်များထူထောင်နိုင်ခြင်း၊ လုပ်ငန်းများချဲ့ထွင်နိုင်ခြင်းနှင့် ဈေးကွက် အသစ်များ ရှာဖွေနိုင်ခြင်းစတဲ့ အခွင့်အရေးများ ရရှိလာနိုင်မှာဖြစ်ပါတယ်။
အဆိုပါပြပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက www.vietstock.org တွင် ကြည့်ရှုလေ့လာနိုင်ပြီး ပါဝင် ပြသလိုသော မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇- ၄၀၈၆၂၂ နှင့် event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Telegram»…
https://t.me/positiveanglenews