(မှုခင်း) ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်တော်တိုးရပ်ကွက်၊ အကွက်(၄၁၈)၊ မြို့ပတ်လမ်းပေါ်၌ ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသော ကျောက်ကားအား ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က မြို့ပတ်လမ်းပေါ်၌ အရှေ့မှအနောက်သို့ မောင်းနှင်လာသော အေးစိုး၊ ၄၂ နှစ်၊ (ဘ)ဦးတိုး၊ ဘုန်းတော်တိုးရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူ မောင်းနှင်လာသော DAYANG ဆိုင်ကယ်၊ ယာဥ်အမှတ် ၃၄ယ/……မှ လမ်းဘေးတွင် နောက်ညာဘီးပေါက်၍ ရပ်ထားသော စန်းလွင်ဦး၊ ၃၇ နှစ်၊ (ဘ)ဦးစန်းညွန့်၊ မောင်းနှင်သော ကျောက်ကား ယာဉ်အမှတ် MDY-14/5N/…….၊ DONG FENG အမျိုးအစားယာဉ်အား အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်တိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အေးစိုးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews