(အားကစား) ဖေဖော်ဝါရီ ၅

မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ONE-171 ပြိုင်ပွဲမှာ မကျေပွဲအဖြစ် ပြိုင်ဘက်ဟောင်း တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန် နဲ့ ပြန်လည်ထိုးသတ်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ONE Championship က ONE ရဲ့ ပရိုမိုးရှင်းပြိုင်ပွဲများအဖြစ် လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက် ကာတာနိုင်ငံ၊ လူဆေးလ်မြို့မှာ တွဲဆိုင်း ၁၃ ဆိုင်းနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။
အဆိုပါ ONE-171 ပြိုင်ပွဲမှာ ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဟောင်း တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန် နှင့် မကျေပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
အဆိုပါ ONE-171 ပြိုင်ပွဲမှာ ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ နှစ်ပွဲ ပါဝင်မှာ ဖြစ်ပါတယ်။ အဓိကခေါင်တွဲဆိုင်းအဖြစ် ဘင်မ်တမ်ဝိတ် ကစ်ဘောက်ဆင် ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဗြိတိန်ဖိုက်တာ ဂျိုနသန်ဟက်ဂါသီနှင့် စိန်ခေါ်သူ တရုတ်ဖိုက်တာ ဝေရု၊ ဒုခေါင်တွဲဆိုင်းအဖြစ် စတောဝိတ် MMA ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဖိလစ်ပိုင်ဖိုက်တာ ဂျိုရှူအာပပါဆီယိုနှင့် စိန်ခေါ်သူအမေရိကန် ဖိုက်တာ ဂျရတ်ဘရုဒ် တို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews