အင်းစိန်တွင် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး လမ်းဘေး၌ သေဆုံးနေ


(ပြည်တွင်း) ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ခ/၆လမ်းထိပ်တွင် ယမန်နေ့ည ၆ နာရီ ၁၀ မိနစ်အချိန်ခန့်က အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာမရှိကြောင်း၊ သေဆုံးသူမှာ ယခင်က သစ်တောဝန်းတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး စိတ်မနှံ့သဖြင့်လွန်ခဲ့သော(၁၅)နှစ်ခန့်မှစ၍ လမ်းဘေးတွင်လျှောက်သွားနေသူဖြစ်ကြောင်း၊ အမည်မှာ ဦးအောင်လင်းဦး၊ (ဘ)ဦးမောင်မောင်ဦး၊ အသက် ၅၆ နှစ်ဖြစ်ကြောင်း အစ်မဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ ဦးအောင်လင်းဦး၏ အလောင်းအား “တွဲလက်”နာကူယာဉ်ဖြင့် အင်းစိန်ဆေးရုံးကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN