(နိုင်ငံတကာ) ဖေဖော်ဝါရီ ၅

ဂါဇာကမ်းမြောင်ဒေသသို့ အမေရိကန်က ဝင်ရောက်သိမ်းပိုက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန်နေတန်ရာဟုနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်သည် ဖြိုဖျက်ထားသည့် နေရာတစ်ခုကဲ့သို့ဖြစ်နေခြင်းကြောင့် အမေရိကန်မှ တာဝန်ယူကာ ပါလက်စတိုင်းပြည်သူ ၁.၈ သန်းဝန်းကျင်အား ဂျော်ဒန်၊ အီဂျစ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့တွင် ပြန်လည်နေရာချထားရေးဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒေသခံများက လက်မခံနိုင်သော်လည်း သမ္မတထရမ့်က ဂါဇာကမ်းမြောင်ဒေသအား ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ၏ လှပသောကမ်းခြေဒေသဖြစ်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတထရမ့်အနေဖြင့် သတင်းထောက်များ၏ မေးခွန်းများအား ရှောင်လွှဲဖြေဆိုခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသနှင့်ပတ်သက်သည့် အသေးစိတ်အစီအမံကို ရှင်းလင်းပြောဆိုခဲ့ခြင်းမရှိကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews