အမေရိကန်၏ အခွန်စည်းကြပ်မှုအား တရုတ်က တန်ပြန်ခဲ့ပြီးနောက် စတော့ရှယ်ယာဈေးနှင့် ဒေါ်လာများ အတက်အကျရှိ


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၄

အမေရိကန်၏ တရုတ်အပေါ် အခွန်စည်းကြပ်မှုအား တရုတ်က ပြန်လည် တုန်ပြန်ခဲ့ပြီးနောက် စတော့ရှယ်ယာဈေးနှင့် ဒေါ်လာများ ရိုလာကိုစတာသဖွယ်ဖြစ်နေကြောင်း အနောက်မီဒီယာများဖော်ပြလျက်ရှိသည်။

ဒေါ်နယ်ထရမ့်၏ တရုတ် မက္ကဆီကို ကနေဒါစသည့်နိုင်ငံများအား အခွန်စည်းကြပ်မှုအပြီးတွင် အာရှစတော့ရှယ်ယာတန်ဖိုးများနှင့် အာရှနိုင်ငံအချို့မှ ငွေကြေးတန်းဖိုးများ ကျဆင်းခဲ့သည်။

တရုတ်သည် အမေရိကန်၏ အခွန်စည်းကြပ်မှုအား တုန့်ပြန်သည့် အနေဖြင့် အမေရိကန် ထိပ်တန်းကုမ္ပဏီများနှင့် ရေနံ၊ ကျောက်မီးသွေး၊ဓာတ်ငွေ့ ကားများနှင့် လယ်ယာသုံးပစ္စည်းများ တင်သွင်းမှုအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကာ အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဈေးကွက်မတည်မငြိမ်ဖြစ်ပေါ်နေသည့်အချိန်သည့် တရုတ်၏ နှစ်သစ်ကူးကာလဖြစ်သည့်အတွက် ဈေးကွက်များ ပိတ်ထားဆဲဖြစ်သည်။

သမ္မတထရမ့်အနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးလိုကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း လုံသဘောတူညီချက်တစ်ရက် ရှာတွေ့ရန် မဖြစ်နိုင်သေးကြောင်း သုံးသပ်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN