ဒုံးကျည်များသိုလှောင်ရာ မြေအောက်စစ်အခြေစိုက်စခန်းသစ်တစ်ခုကို အီရန်ထုတ်ဖော်ပြသ


(နိုင်ငံတကာ) ဇန်နဝါရီ ၃

အီရန်နိုင်ငံ နိုင်ငံတောင်ပိုင်းရှိ မြေအောက်စစ်အခြေစိုက်စခန်းသစ်တစ်ခုကို ထုတ်ဖော်ြပသလိုက် ကြောင်း သိရသည်။ “ဒုံးကျည်မြို့တော်”ဟု အမည်ပေးထားသည့်။

အဆိုပါမြေအောက်အခြေစိုက်စခန်းတွင် ဒုံးပစ် စင် အများအပြားကို သိုလှောင်ထားပြီး ယင်းအခြေစိုက်စခန်းအား အီရန်တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုပြကွက်တစ်ခု၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ မြေအောက်စစ်အခြေစိုက် စခန်း၌ Qadr အမျိုးအစား ခရုစ်ဒုံးကျည်အစင်းပေါင်း ၃၈၀ ခန့်ကို သိုလှောင်ထားပြီး ၎င်းဒုံးကျည်များအား ၅ မိနစ် အတွင်း ပစ်လွှတ်နိုင်ကြောင်း အီရန်ရေတပ်အကြီးအကဲ ဗိုလ်ချုပ် အလီရီဇာ တန်ဆီရီ က ပြောသည်။

အဆိုပါ ဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ ကျော်အထိ ပစ်ခတ်ရောက်ရှိနိုင်ပြီး ယင်း ဒုံးကျည်များ၌ အီလက်ထရောနစ်စစ်ပွဲဆင်နွှဲနိုင်သည့် စနစ်များကို တပ်ဆင်ထားကြောင်း IRNA သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN