(ပြည်တွင်း) ဇန်နဝါရီ ၃၁

ပြည်တွင်းမှာ လိုအပ်တဲ့ ဘိလပ်မြေများကို ပြည်ပမှတင်သွင်းရာမှာ လာမည့်ဖေဖော်ဝါရီလတွင် ရောက်ရှိမှာ ဖြစ်တယ်လို့ ဘိလပ်မြေတင်သွင်းခွင့်ဆိုင်ရာ တာဝန်ရှိသူများထံကနေ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံတစ်ဝန်းမှာ ယခုပွင့်လင်းရာသီချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ဘိလပ်မြေလိုအပ်ချက်ကို ပြည်တွင်းဘိလပ်မြေစက်ရုံများရဲ့ ထုတ်လုပ်မှု များအပြင် ပြည်ပမှဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ အားဖြည့်တင်သွင်း ခွင့်ပြုထားကြောင်း သိရပါတယ်။
အဆိုပါပြည်ပဘိလပ်မြေများက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရောက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘိလပ်မြေစက်ရုံ ၁၉ ရုံရှိပြီး ယင်းစက်ရုံများမှ ဘိလပ်မြေထုတ်လုပ်လျက်ရှိတဲ့အတွက် ပြည်ပမှတင်သွင်းမှုအထိုက်အလျောက်လျော့ကျခဲ့ကြောင်း သိရပါတယ်။
ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများမှာ အသုံးလိုတဲ့ ဘိလပ်မြေကို တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews