(ပြည်တွင်း) ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်နှင့် ကမမောင်းကြားရှိ ကတိုင်တိစခန်းအနီးတွင် ဇန်နဝါရီလ ၂၈ ရက်(မနေ့)က လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သောင်းကျန်းသူများ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း တပ်မတော်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သိရသည်။
ယနေ့(ဇန်နဝါရီလ ၂၉ ) ရက် နံနက်မှာတွင် ကတိုင်တိစခန်းဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးရင်းကျန်ခဲ့သည့် M4A1 ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၅.၅၆ မမကျည် ၃၀ တောင့်၊ အီနာဂါ ၁ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၂ လုံး(မကောင်း)၊ တရုတ်စက်လက်ကျည်ခါးပတ်တွဲနှင့် ကျည် ၂၂ တောင့်၊ သွေးထိန်းခါးပတ် ၁ ခု ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews