နာမည်ကြီး မိုက်ခရိုဆော့ကုမ္ပဏီက TikTok ကို ဝယ်ယူရန်ဆွေးနွေးနေ


(နိုင်ငံတကာ) ဇန်နဝါရီ ၂၈

အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် မိုက်ခရိုဆော့ကုမ္ပဏီက Tiktok ကို ဝယ်ယူရန်ဆွေးနွေးနေကြောင်းသိရသည်။

မိုက်ခရိုဆော့ကုမ္ပဏီက TikTok ကို ဝယ်ယူရန် စိတ်ဝင်စားနေသလားဟု သတင်းထောက်များ မေးမြန်းမှုအပေါ် ထရမ့်က နည်းပညာ ကုမ္ပဏီအများအပြားက TikTok ကို ဝယ်ယူရန် စိတ်ဝင်စားမှုရှိကြောင်းပြန်လည် ဖြေကြားခဲ့သည်။

TikTok အား ပိတ်ပင်မှုကို ၇၅ ရက်ဝန်းကျင် ယာယီဆိုင်းငံ့သည့်အမိန့်ကို ထုတ်ပြန်ပြီးနောက် TikTok ပလက်ဖောင်းကို ရောင်းချရန် ထပ်မံဖိအားပေးထားဆဲဖြစ်သည်။

TikTok ဝယ်ယူခြင်းနှစ်ပတ်သက်ပြီး Microsoft တာဝန်ရှိသူများက မှတ်ချက်ပေးရန် မရှိသေးကြောင်း ပြောကြားထားသည်။

Telegram»…
https://t.me/positiveanglenews

PAN