အီရန်က ရဟတ်ယာဉ် အစင်း ၁၀၀ ဖြင့် လေ့ကျင့်ကာ စစ်အင်အားပြ


(နိုင်ငံတကာ) ဇန်နဝါရီ ၂၈

အီရန်စစ်တပ်က ရဟတ်ယာဉ် အစင်း ၁၀၀ ဖြင့် စစ်ရေးလေ့ကျင့်ကာ စစ်အင်အားပြသခဲ့ကြောင်း သိရသည်။

နိုင်ငံ အနောက်ပိုင်းရှိ Kermanshah ပြည်နယ်တွင် စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ကာ ယခုလို အင်အားပြခဲ့ခြင်းဖြစ်သည်။

အီရန်တပ်မတော်သည် တစ်နှစ်ပတ်လုံး ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပြီး ဒုံးကျည်စွမ်းရည်များအပါအဝင် ၎င်း၏စစ်တပ်ကို ကာကွယ်ရေးရည်ရွယ်ချက်တစ်ခုအတွက် လုပ်ဆောင်နေကြောင်း အီရန်အရာရှိများက အလေးပေးပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ အီရန်အပေါ် ပြင်ပလုံခြုံရေး ခြိမ်းခြောက်မှုများကို တန်ပြန်ရန်ဖြစ်ကြောင်း ကြည်းတပ်မြေပြင်တပ်ဖွဲ့၏ ဒုတိယစစ်ဆင်ရေးမှူး Amir Karim က ပြောကြားခဲ့သည်။

ထို့အပြင် အီရန်စစ်တပ်သည် “Great Prophet Authority 19” ဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို Bushehr နှင့် Khuzestan အပါအဝင် အီရန်တောင်ပိုင်းပြည်နယ်များတွင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးနေ့တွင် အီရန်ရေတပ်သည် အဆင့်မြင့် Mohajer 6 နှင့် Ababil 5 ဒရုန်းများမှ Qaem နှင့် Almas ဒုံးကျည်များကို ပစ်လွှတ်ခဲ့ပြီး အီရန်၏ ဒုံးကျည်စနစ်များတွင် AI နည်းပညာအသုံးပြုမှုကိုလည်း သရုပ်ပြခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN