အံ့အားသင့်စရာ တရုတ် AI ပလက်ဖောင်းကြောင့် အမေရိကန် စတော့ရှယ်ယာထိုးကျ


(နိုင်ငံတကာ) ဇန်နဝါရီ ၂၈

အံ့အားသင့်စရာ ထွက်ပေါ်လာသည့် တရုတ် AI ပလက်ဖောင်းကြောင့် အမေရိကန်ရှိ နာမည်ကြီး စတော့ရှယ်ယာများ သိသိသာသာထိုးကျခဲ့ကြောင်းသိရသည်။

နာမည်ကြီး Chip ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Nvidia သည် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးဆုံးရှုံးခဲ့ကြောင်းသိရသည်။

DeepSeek အမည်ရှိ အဆိုပါ AI ပလက်ဖောင်သည် Chat GPT ကဲ့သို့ AI ပလက်ဖောင်းတစ်ခုဖြစ်ပြီး ပုံစံတူ AI ကုမ္ပဏီများနှင့် ယှဉ်ပါက ကုန်ကျစရိတ်အနည်းငယ်သာသုံးစွဲပြီး အချိန်တိုအတွင်းတိုးတက်လာသည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။

Open AI, Meta,Google ကုမ္ပဏီများသည် AI ပရောဂျက်အတွက် ဒေါ်လာလာ ဘီလီယံနှင့်ချီသုံးစွဲခဲ့သော်လည်း DeepSeek သည် အမေရိကန်ဒေါ်လာ ၅.၆ သန်းသာ ရင်နှီးမြှုပ်နှံထား ကြောင်းသိရသည်။

DeepSeek ပေါ်ထွက်လာပြီးနောက် အမေရိကန် နည်းပညာသူဌေးတစ်ဦးဖြစ်သူ Marc Andreessen က “ကျွန်တော်မြင်ဖူးသမျှ အံ့သြစရာအကောင်းဆုံးနှင့် အထင်ကြီးလောက်စရာ အကောင်းဆုံးသော အောင်မြင်မှုတစ်ခု”ဟု မှတ်ချက်ပြုခဲ့သည်။

DeepSeek ကြောင့် Facebook ကုမ္ပဏီ Meta, Google အပါအဝင် နည်းပညာ ကုမ္ပဏီအများအပြား စတော့ရှယ်ယာများ သိသိသာသာ ထိုးကျနေခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်း ရင်းနှီးမြှုပ်နှံသူများသည် တရုတ် AI ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန်လေ့လာနေကြောင်းသိရသည်။

DeepSeek သည် မြန်မာဘာသာ အပါအဝင် ဘာသာစကားပေါင်းများစွာကို အထောက်အပံ့ပေးပြီး အခမဲ့သုံးစွဲနိုင်သည့် ရှင်းလင်းသည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN