ချောက်မြို့နယ်တွင် ခရီသည်တင်ယာဉ် ၁ စီး တိမ်းမှောက်


(မှုခင်း) ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၊ မိုင်တိုင်အမှတ်(၃၇၁/၂)နှင့် (၃၇၁/၃)ကြားတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ခရီသည်တင်ယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်နေရာသို့ ချောက်မြို့နယ်မီးသတ်စခန်းနှင့် ဂွေးပင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၁ ဦးအနက် ကျား ၂ ဦး၊ မ ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပရမံလူမှုကူညီရေးအသင်းနှင့် ရွာသစ်ရပ်လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ် ၂ စီးတို့ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN