(မှုခင်း) ဇန်နဝါရီ ၂၇

ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာကနေ ရင်းငြိမ် – မြလေးချောင်ကားလမ်းအတိုင်း လယ်တောရှိရာကို ဆိုင်ကယ်နဲ့မောင်းနှင်လာတဲ့ တမီလ်လူမျိုးတစ်ဦးကို PDF အကြမ်းဖက်တွေက နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လံပစ်ခတ်ခဲ့တာကြောင့် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လယ်စာရင်းငှားတစ်ဦးဖြစ်တဲ့ အသက် ၃၀ ခန့်အရွယ်ရှိ တမီလ်လူမျိုး နိုင်လင်း (ခေါ်)ချက်ရွန်းဟာ သူနေထိုင်ရာ ရင်းငြိမ်မြောက်ကျေးရွာကနေ သူလယ်လုပ်ရာ မြလေးချောင်ကျေးရွာဘက်ကို ဇန်နဝါရီ ၂၆ ရက်နေ့ ည ၆ နာရီခွဲခန့်မှာ ဆိုင်ကယ်နဲ့သွားရောက်စဉ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
တမီလ်လူမျိုး နိုင်လင်း ပစ်ခတ်ခဲ့တဲ့ PDF တွေရဲ့ပုံသဏ္ဍာန်ဟာ ကရင်မျက်နှာပေါက်ပုံစံရှိတယ်လို့ နိုင်လင်းရဲ့မိသားစုနဲ့နီးစပ်သူတွေကပြောဆိုထားပါတယ်။
PDF အကြမ်းဖက် ၂ ဦးက နောက်ကနေလိုက်လာပြီး ပစ္စတိုသေနတ်နဲ့ ၁ ချက် ပစ်ခတ်ကာ မြတ်လေးချောင်ကျေးရွာဘက်ကို မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်သမားတွေရဲ့ပစ်ခတ်မှုကြောင့် နိုင်လင်း (ခေါ်)ချက်ရွန်းရဲ့ ခါးမှာ ကျည်ရှပ်ထိမှန်ဂဏ်ရာမစိုးရိမ်ရရှိခဲ့တာကြောင့် ရင်းငြိမ်တိုက် နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews