ယူကရိန်းက အီးယူနှင့် နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်မည်မဟုတ်ဟု ဆလိုဗက်ကီးယားဝန်ကြီးချုပ်ပြော


(နိုင်ငံတကာ) ဇန်နဝါရီ ၂၇

ယူကရိန်းနိုင်ငံအနေဖြင့် အီးယူအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကြိုးပမ်းမှုသည် အောင်မြင်မှုမရှိဘဲ နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ဖွယ်မရှိကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကို က ပြောကြားလိုက်သည်။

နိုင်ငံရေးသမားအချို့၏ မကြာမီက ပြောဆိုချက်များအရ ယူကရိန်းက အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်လာရေး ကြိုးပမ်းမှု သည် ပြဿနာအများအပြားနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိပြီး ယူကရိန်းအစိုးရက နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုသည် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်း ပဋိပက္ခ၏အခြေခံအကြောင်းရင်းဖြစ်ကြောင်း ဖီကို က ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခု၌ ပြောကြားခြင်း ဖြစ်သည်။

ထို့ပြင် ယူကရိန်း က ရုရှားနှင့်အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှုအပေါ် ကန့်ကွက်နေခြင်းသည် ပဋိပက္ခ ကို ပိုမိုကြာြမင့်စေကြောင်း ဖီကို က ပြောကြားထားပြီး ယူကရိန်းအစိုးရ၏မူဝါဒများအပေါ် ၎င်းက ပြစ်တင်ဝေဖန်ထား သည်။

ထို့ပြင်အနောက်နိုင်ငံများသည် ယူကရိန်းကို အသုံးချ၍ ရုရှားနိုင်ငံအား အားနည်းစေရန် ကြိုးပမ်းလျက် ရှိသည်ဟု ၎င်းက စွပ်စွဲထားသည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခတွင် ရုရှား က အရှုံးပေးမည်မဟုတ်ဘဲ နောက်ဆုံးတွင် ယူကရိန်းကသာ အနောက်နိုင်ငံများ၏ အလျှော့ပေးရေးဖိအားပေးမှုကြောင့် အရှုံးပေးရမည် ဖြစ်ကြောင်း ဖီကို က ဆက်လက်ပြောကြားခဲ့ကြောင်း RT သတင်းဌာနတွင်ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN