တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါး ပေါ်ထွန်း


(ပြည်တွင်း) ဇန်နဝါရီ ၂၆

(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင်ကျင်းပခဲ့ရာ အဆိုပါစာမေးပွဲကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ သာသနာ့အာဇာနည် ဆရာတော်တစ်ပါး ပေါ်ထွန်းခဲ့ကြောင်း သိရပါတယ်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲများ ကျင်းပခဲ့သည့် ပထမအကြိမ်မှ (၇၆)ကြိမ်အထိ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ၁၆ ပါးပေါ်ထွန်းခဲ့ပြီး (၇၆)ကြိမ်မြောက်စာမေးပွဲကြီးတွင် ၁၆ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်းခဲ့တာဖြစ်ပြီး နှစ်မခြားဘဲ ယခုကျင်းပပြီးစီးခဲ့သည့် (၇၇)ကြိမ် မြောက်စာမေးပွဲကြီးတွင်လည်း ၁၇ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပါတယ်။

(၇၇)ကြိမ်မြောက် စာမေးပွဲကြီးတွင် ပေါ်ထွန်းခဲ့သော သာသာနာ့အာဇာနည်ဆရာတော်မှာ အရှင်သေဋ္ဌဉာဏာ လင်္ကာရ၊ သက်တော် ၄၅ နှစ်၊ သိက္ခာတော် ၂၃ ဝါ၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN #တိပိဋကဓရ တိပိဋကကောဝိဒ #ရန်ကုန်တိုင်း